Sunday, February 7, 2010

***တစ်ခြမ်းပဲ့စွယ်တော်***





  • ချစ်သူ........
  • အရမ်းလွမ်းတယ်ပြောရင်ယုံမလားး
  • အလွမ်းတွေနဲ့ညတိုင်းအဖော်ပြုကြေကွဲနေရတဲ့...ငါ့
  • လွမ်းရက်တွေကို..... တစ်ဖြည်းဖြည်းမုန်းတီးလာပြီ........။
  • အဖော်မဲ့ငှက်ငယ်လို့ပဲ.... တစ်ကောင်တည်း အထီးကျန်နေရတယ်......
  • ငါကိုသနားပါ........ ချစ်သူရယ်
  • အလွမ်းတွေကဘယ်လိုမှ တားဆီးလိုလဲ......မရဘူး
  • တစ်ရက် တစ်ရက် ကြက်ခြေခတ်ခဲ့တဲ့ ပြက္ခဒိန်
  • တစ်ရွက် တစ်ရွက် ကြွေကျခဲ့တဲ့ သစ်ရွက်တွေ
  • အိပ်ရာဝင်ချိန် စဉ်းစားမိတဲ့ အတွေးတွေနဲ့
  • အိပ်မက်ထဲမှာတွေ့ဖို့ ဘုရားမှာအကြိမ်ကြိမ် ဆုတောင်းခဲ့ဖူးတယ်.....
  • မနက်ဖြန်အတွက် ဒီနေ့အသက်ရှင်နေရတာဆိုရင်
  • ဒီနေ့အသက်ရှင်နေရတာက မနက်ဖြန်ဆိုတဲ့
  • မျှော်လင့်ချက်အတွက်ဆိုတာ နင်နားမလည်နိုင်ခဲ့ဘူးလား။
  • ဒီလိုပဲ
  • ငါ့ရဲ့မနက်ဖြန်တိုင်းမှာ နင်ရှိနေတယ်
  • နင်ရှိနေမယ်ဆိုရင် ဒီနေ့ဆိုတဲ့နေ့တိုင်းမှာ ငါရှင်သန်နေဦးမှာပါ။
  • ရှင်သန်နေရတဲ့ အချိန်တွေတိုင်းမှာ နင်ရှိတော့အဓိပ္ပါယ်ရှိတယ်
  • နင်ရှိတော့အနာဂတ်ရှိတယ်
  • ဒါပေမယ့် ..................
  • အခု.....နင်က
  • ps.ငါဟာလူပါ
  • ဘာမှမရှိပေမယ့်
  • ကြေကွဲရင်လူမမြင်အောင်
  • မျက်ရည်စို့တတ်တဲ့ မျက်ဝန်းတွေနဲ့........
  • ထိုးနှက်ချက်တွေနဲ့ထိပ်တိုက်တွေပြီး ခံစားမိတဲ့အခါ....
  • နာကျင်တတ်တဲ့ရင်ဘတ်တစ်စုံကိုတော့ ငါပိုင်ဆိုင်ပါတယ်

***ကမ္ဘာတစ်ခြမ်းက....ထာဝရအလွမ်း***




  • မျော်သူအင်အားမဲ့စွာ
  • ကြင်နာသူက.......
  • ရက်စက်ခဲ့တာ။
  • မနေက....ငါလွမ်းခဲ့ရတယ်..
  • ဒီနေ့လည်း....နင်မရှိပြန်ဘူး
  • မနက်ဖြန်ဆိုတာကို....တွေးမိရင်တောင်
  • ငါ..အသက်ရူကျပ်လာတယ်
  • အမြဲတမ်းသတိရတယ်ဆိုတဲ့
  • ကောင်မလေးရေ...
  • ခုတော..နင်ဘယ်ပျောက်နေလဲ....
  • ငါကတော...အမြဲတမ်း
  • မျော်လင့်ချက်တွေနဲ....
  • အထီးကျန်နေခဲ့ရတယ်ဆိုတာ..
  • ကောင်မလေးမသိနိုင်တော့ဘူးလား...
  • ညရောက်တော့....ကြယ်တွေငေး
  • ငါတစ်ယောက်တည်း...
  • အတွေးတွေဝေးနေပါပြီ..
  • ကောင်းကင်ကမှန်တစ်ချပ်ဆိုရင်..
  • မင်းကိုမြင်နေရမှာ...
  • ကြယ်တွေကလည်း..မင်းရှိရာ
  • အရပ်ကိုလမ်းညွန်နေတယ်...
  • ငါဘယ်လိုလုပ်ရမလဲ..
  • အရှင်လတ်လတ်ငရဲကျတာမှ
  • တော်ပါသေးတယ်...
  • သိရက်နဲ့မတွေရတဲ့...ဘဝ
  • လွမ်းရလို...မောနေပါပြီ
  • ကောင်မလေးရေ....
  • ps. အချိန်တွေရပ်တန့်လိုရရင်.....မင်းနဲဆုံတွေချိန်မှာရပ်ထားချင်တယ်