Sunday, January 30, 2011



ရင်ထဲ့တွင်မွန်းကျပ်လာပြီ။ကြွေကွဲခြင်းဘာသာရပ်ကိုသင်ယူတတ်မြောက်ခဲ့ပြီ
ကတ္တီပါနှင်းလွမ်းခြုံထားတဲ့အသည်းမဟုတ်လေတော ဘယ်လောက်တာရှည်ခံမယ်
ကိုယ်တိုင်မသိ။သေလျင်လည်းလောင်ကျွမ်းသောရင်ခွင်
ရှင်လျင်လည်းနာကျင်သောနှလုံးဖြင့်ငါအားမထားခဲ့ရစ်ပါနှင့်
ချစ်သူနှင့်ပေါင်းရသောကမ္ဘာတွင်သာလူအဖြစ်ကိုရလိုပါဧ။်ဘုရား....။
လွမ်းလွန်းလိုပါဘုရား...
သေကွဲသာကွဲပါရစေတော့
ရှင်ခွဲကွဲတဲ့ဒဏ်ရာ
နှလုံးသားကမခံသာဘူးးးးး

ဟိုးးးးးးးးး အကြာကြီး




အကြာကြီး ခွဲထားရဦးမယ်

မပြည့်စုံသေးတဲ့.......ဘ၀တွေအတွက်

အတောင်အလက် စုံအောင်

ဖြစ်လာဖို့ အချိန်အထိ

အကြာကြီး ခွဲထားရဦးမယ်

နှစ်ကိုယ်တူ ရည်မှန်းထားတဲ့...အခြေအနေတစ်ခုကို

အရွယ်မလွန်မီ တည်ဆောက်နိင်ဖို့

အကြာကြီး ခွဲထားရဦးမယ်

ဘ၀ရဲ့ အပူဒဏ်ဟာ...သူမနဲ့

မဆိုင်သလို နေဖို့

အကြာကြီး ခွဲထားရဦးမယ်

သူမရဲ့....အပြုံးတွေ

ထာဝရ အေးမြနိင်ဖို့

တစ်ကယ်ကို

အကြာကြီးဆိုတဲ့စကားလုံတွေမှာ

ကျွန်တော်အလွမ်းတွေကို

ဘယ်လိုစိတ်နဲဖြေသိမ်ရမလဲဟင်

ကျွန်တော်အကြာကြီးမပြောနဲ

အခုတောင်

တော်တော်လွမ်းနေပြီ...