Tuesday, January 11, 2011

ဝေဒနာပုံတိုပတ်စများ




  1. ဗျာ...!!! သူအတိတ်မေ့သွားလို့???
    ဟုတ်ကဲ့........... ကျတော်လဲ အနာဂါတ်တွေကို မမြင်ရတော့ပါဘူး။။။


  2. အချိန်တွေ ကြာခဲ့ပြီဆိုပေမယ့်
    ကျွန်တော့် ရင်ဘတ်တစ်နေရာမှာ အသာလေးထိလိုက်ရုံနဲ့
    ကွဲကြေသွားနိုင်မဲ့နာကျင်မှုတွေက အရာထင် ကျန်ရစ်နေတုန်းပါပဲ။

  3. မျော်လင်ချက်တွေကို ပုလင်းတစ်လုံးထဲ့ရိုက်သွင်းပြီး..
    အိပ်မက်တွေကိုကုစားနေတဲ့ငါကို... ဒေါက်တာရေ..
    ကျေဇူးပြုပြီးအလွမ်းချိုချို တစ်ခွက်လောက်တိုက်ပါ... ငါသတိရနေတတ်လိုပါ။

  4. နယူတန်၏ နိယာမ ကို ဆန့် ကျင်ခဲ့သော ကျွန်တော့်ချစ်သူ ,,,,,

  5. လမင်းကြောင့်လား... စင်ရော်ငှက်ရင်ကွဲသေတာ... ဒါဆိုငါရူးအောင်ပြုစားခဲ့တာ.. နင်ဘဲနေမှာ......။

  6. ရင်ထဲ့တွင်မွန်းကျပ်လာပြီ။ကြွေကွဲခြင်းဘာသာရပ်ကိုသင်ယူတတ်မြောက်ခဲ့ပြီ
    ကတ္တီပါနှင်းလွမ်းခြုံထားတဲ့အသည်းမဟုတ်လေတော
    ဘယ်လောက်တာရှည်ခံမယ်ကိုယ်တိုင်မသိ။
    သေလျင်လည်းလောင်ကျွမ်းသောရင်ခွင်ရှင်လျင်လည်းနာကျင်သောနှလုံးဖြင့်
    ငါအားမထားခဲ့ရစ်ပါနှင့်ချစ်သူနှင့်ပေါင်းရသောကမ္ဘာတွင်သာလူအဖြစ်ကိုရလိုပါဧ။်ဘုရား....။

  7. မကျိန်းသေသေးတဲ့ နောက်ဘဝကို
    ငါမမျှော်ပါဘူး..မနက်ဖြန်မင်းချစ်နေဖို့ တောင်မနည်းဆုတောင်း နေရတာ
    နောက်ဘဝဆိုတာ ဝေးလွန်းပါတယ်.....။

  8. *ရင်ထဲမှာ.... ဘာမှမခံစားရအောင်နေ၇တာဟာ ခံစားနေရတာထက် ဆိုးတယ်။။*

  9. ♥♫♥☆ အိမ်မက်တွေ အရောင်ပြောင်းသွားတဲ့အခါ...♥♫♥☆

  10. ခဏခဏ ဒဏ်ရာ ရလာတော့...
    တစ်ခါတစ်လေ အသက်ရှုတိုင်း...
    ရင်ဘက်ထဲကအောင့် အောင့်လာ...
    ကြာကြာခံပါတော့မလား...၊၊

  11. လွမ်းလို့သာ နာသေသွားရင်
    နင်တော့ တရားသူကြီးနဲ့ကွိုင်ပြီ ။

နားလည်ခြင်း



ဘ၀ဆိုတာတိုလွန်းလို့ပါ...
သူ့စိတ်ကလေးလွတ်လပ်စွာ
တည်ရှိပါစေ...။
သူ့ဆန္ဒကလေးကိုလွတ်လပ်စွာ
ရှင်သန်ပါစေလေ...။

ပြန်လာပါတော့ ချစ်သူရယ်




လွမ်းတယ်..........
အချိန်တွေနေရက်တွေပြောင်းသွားပါစေ
မင်းပြန်လာမယ်ဆိုတဲ့မျှော်လင်ချက်တွေ
ရင်ထဲမှာအပြည့် ရှိတယ်မင်းပြန်လာမှာလားလို့ 
မင်းအနားကိုရောက်လာပြိး ကိုယ်တိုင်မေးခွင့် မရတော့ဘ၀မှာ
မင်းပြန်လာပါလို့ ဘုရားမှာဆုတောင်းနေတယ်
ကြယ်တွေကြွေလည်းဆုတောင်းနေမိတယ်
မင်းကိုလွမ်းနေတယ်
အရင်ကဆို ငါကိုလူတစ်ချို့ ကဆုတောင်းပေးဘူးတယ်
နင်အချစ်ကိုတွေရင် ၀ဋ်မလိုက်ပါစေနဲ့လို့ ပေါ့
ငါအမြဲတမ်း မယုံကြည်ခဲ့ဘူး
ယုံကြည်နေတဲ့ အချိန်ကြတော့ ငါ.........
ငိုနေခဲ့ရပြိး မင်းသိမှာလား
မင်းကငါအတွက်အမှတ်တရတွေထားခဲ့ပေးတယ်
မင်းနဲ့မတွေဖြစ်ခဲ့ ရက်တွေမှာဆို ဖုန်းဆက်ရင်
မင်းအသံလေးကိုကြားရင်ငါအလွမ်းဖြေလို့ ရတယ်
အခုဆို မင်း အသံလေးကိုတောင်
မကြားရတော့ဘူးနော် ချစ်သူ.............။