Friday, July 2, 2010

***သို့***




နင်နေကောင်းလား..
လောကကြီးမှာငါရှင်သန်နေသမျှ
နင်သတင်းလေးတော့ကြားချင်လိုပါ..


ကျန်းမာရေးကိုဂရုစိုက်နော်

ချူချာတတ်တဲ့..နင်ကို
စိတ်မချဘူး.....။


မှတ်မိသေးရဲ့လား ငါကို

နေရက်တွေပြောင်းတဲ့အခါ
သူငယ်ချင်းအသစ်တွေရတဲ့အခါ
အကြင်နာတွေပိုခဲ့ဘူးတဲ့ကောင်လေးတစ်ယောက်ကို
နင်မေ့သွားမှာစိုးတယ်...။



ကတိတွေ။သစ္စာတွေ
ထပ်ကာထပ်ကာပေးခဲ့ဘူးလည်း
ရည်ရွယ်ရာငါမဟုတ်တော့ရင်
စိတ်ရူပ်စရာတွေလိုနင်ထင်လာမှာကို
ငါကြိုမြင်တဲ့အခါ....
အခုလို..
ငါငြိမ်ငြိမ်လေးနေပေးပါမယ်..။


မနေကနဲ့ဒီနေဆိုတဲ့
အချိန်သာပြောင်းသွားတယ်
နင်ပြန်လာမယ့်
မနက်ဖြန်တိုင်း..ငါမျော်နေတာ
နင်သိရဲ့လား....
"ငါဘယ်လောက်ချစ်တယ်ဆိုတာ"


အချိန်တွေကြာလာတဲ့တစ်နေ
ငါစကားတွေနင်ရင်မှာ
အရင်လိုခိုဝင်သေးရဲ့လား
ငါအသံတွေကိုရော
အရင်လို.....
သာယာသေးရဲ့လား
ငါမရှိတဲ့အချိန်တွေမှာ
နင်အရင်လို..
လွမ်းတတ်သေးရဲ့လား....။



ငါလေအခုနင်ဆီက အဆင်ပြေတယ်ဆိုတဲ့စကားလေး တစ်ခွန်းတည်းကြားချင်တာပါ
"နင်အဆင်ပြေရဲ့လား"


No comments:

Post a Comment