Thursday, November 25, 2010

I MISS YOU SO MUCH






နှောင်ဖွဲ့ထားတဲ့ အတွေးတွေက အခုဆို တရစ်ပီးတရစ်ပဲ

မနက်ဆို မျှော်လင့်ချက်တွေနဲ့ နိုးထလာတတ်တယ်
ညဘက်ဆို ရင်ခုန်သံတွေနဲ့ အိပ်တတ်လာတယ်
အွန်လိုင်းတက်တိုင်းလဲ မင်းရှိနေမလားဆိုတဲ့ ခံစားချက်နဲ့ မျှော်မိတယ်
ညကျရင်လဲ ကိုယ့်ကိုများ စောင့်နေမလားဆိုတဲ့
အတွေးတွေနဲ့ နောက်ဆံငင်မိတယ်
သမားရိုးကျ လုပ်ငန်းစဉ်တွေကြားမှာ
အရင်ဆုံး သတိရမိတာက မင်းကိုပဲ
နေမကောင်းလည်းအမြဲနေကောင်းတယ်လို
လိမ်ပြောတတ်တာကိုလဲ သတိရတယ်
ကော်ဖီအများကြီး မသောက်ဖို့ ပြောတာကိုလဲ သတိရတယ်
ထမင်းစားဖို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
အကြာကြီး အညောင်းမထိုင်ဖို့ မှာတာကိုလဲ သတိရတယ်
ဖုန်းဆက်မယ်လို့ ပြောတာကိုလဲ သတိရတယ်
ညကျ စောစောအိပ်ရမယ်လို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
နေတိုင်းသတိရတယ်လိုပြောတာကိုလဲ သတိရတယ်
ရေခဲမုန်မြင်တိုင်း မင်းသိပ်ကြိုက်တတ်တာကိုလဲ သတိရတယ်
ညအိပ်ခါနီးတိုင်းသွားတိုက်ဖို့သတိပေးတတ်တာကိုလဲသတိရတယ်
ဟင်းချက်သင်ပေးတာကိုလဲသတိရတယ်
ဖုန်းချဖို့ကို လက်တွန့်နေတတ်တာကိုလဲ သတိရတယ်
ပြန်လာခဲ့ပါမယ်လို ကတိပေးတာကိုလဲ သတိရတယ်
ဝအောင်နေဖိုအမြဲပြောတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ နေ့စဉ်ဝတ္တရားတွေကို ဝင်ရှုပ်နေတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ အတွေးတွေကို စိုးမိုးထားတာကိုလဲ သတိရတယ်
အရမ်းချစ်တယ်လို့ ပြောတတ်တာကိုလဲ သတိရတယ်
တွေ့ချင်တယ်လို့ ပြောတာကိုလဲ သတိရတယ်
မိုင်တွေထောင်ချီပီး ဝေးနေရတာကိုလဲ သတိရတယ်
ငါတို့ မနီးနိုင်သေးတာကိုလဲ သတိရတယ်



သတိရစရာတွေ ဝိုင်းရံထားတဲ့ ငါ့ရဲ့ဒီနေ့တွေတိုင်းမှာ
မင်းကို သတိရခြင်းတွေနဲ့ ပျော်မွေ့နေလေရဲ့
သတိရတယ် ချစ်သူ

Sunday, November 21, 2010

ပြန်လာခဲ့

အခုတစ်လောအရမ်းကြိုက်လိုနားထောင်ဖြစ်တဲ့သီချင်းလေးတစ်ပုဒ်ပါ..Rအာနည်ဆိုထားတဲ့"ပြန်လာခဲ့"
ကျွန်တော်လည်းသူကိုပြန်လာခိုင်းနေတာပါ....ဒါပေမယ်အခုချိန်ထိပြန်မလာသေးဘူးဗျာ

ယုံကြည်ခြင်း

ငါကဗျာဖတ်လို့.........
ငါခံစားချက်ကို....
နားမလည်ခဲ့ရင်တောင်.....
ငါဒီလောက်.....
လွမ်းနေတယ်....ဆိုတာ
နင်သိခဲ့ရင်....
ငါ.....
ကျေနပ်ပါတယ်.....ချစ်သူ

WHAT......?



ဒါကရက်တစ်ရက်ပေါ့..
ဘယ်အတိတ်ကိုမှသစ္စာမဖောက်ခဲ့ သလို...
ဘယ် အနာဂတ်ကိုမှလဲ မျက်နှာသာမပေးဘူး....
ပြက္ခဒိန်တွေပေါ်မှာပဲငြိမ်ငြိမ်လေးနေတယ်...
မနက်ဖြန်တိုင်းမင်းနဲ့ ငါတွေ့ရဖို့
ဘယ်လိုမျော်လင့်ရမလဲ...
လွမ်းဆွတ်ခြင်းနဲသတိရခြင်း
အဲဒါကရော ငါအတွက် ထာဝရလား

Saturday, November 20, 2010

နေပါစေချစ်လို**

*** အချစ်ဆိုတာ ဘယ်တော့မှမှန်းဆလို့ မရနိုင်ပါ၊ ပေးဆပ်ခြင်းလား၊
ရယူခြင်းလားသူ့ကြောင့်ပျှောရွှင်ရပါတယ်၊ သူ့ကြောင့်လည်း ရင်မောရပြန်တယ်၊
တကယ်တော့ အချစ်ဟာ လျွှိုဝှက်ခြင်းများစွာနှဲ့ပြုလုပ်ထားတဲ့ ခပ်ပြင်းပြင်း ၀ိုင်တစ်ခွက်လိုပါဘဲ။ ****



သီချင်းစာသား
=============================
(ဟိုးအမြင့်ဆုံးကပန်းတို့ မင်းပန်ဖူးခဲ့တယ်
ဆုတောင်းကောင်းတဲ့ဘ၀လေးလှတယ်
ခါးသီးလွန်းတဲ့ကိုယ့်ဘက်ကို နင်မလာနဲ့ကွယ်
နေပါစေချစ်လို့ ငိုမှာစိုးနေလို့
နုတ်ဆက်ခဲ့တဲ့အကြည့်တို့မင်းပြန်ရုပ်သိမ်း­ပါ
ဆုံးရှုံးသွားတဲ့ကိုယ့်အတွက်ဆို မငိုနဲ့ကွာ
သိပ်ချစ်ရတဲ့မင်းရဲ့အပြုံးတွေ ယူသွားပါ
နေပါစေချစ်လို့ ငိုမှာစိုးနေလို့ နေအုံး

အလွမ်းတွေနဲ့နေတဲ့ဒီစိတ်တွေ လန့်ပြီးနိုး
ကိုယ်လှမ်းကာ ကြည့်ရုံနဲ့ဒီအရိပ်တို့မြင်ဆဲမို့
မဖြစ်နိုင်တော့တဲ့အချစ်နွံထဲကိုယ်ဆက်ပြီးတ­ိုး
စွန့်လွတ်စိတ်နဲ့ အဝေးကချစ်နေမလို့
ဒီဘ၀ဒီမျှဘဲရှိစေအုံး)

Thursday, November 11, 2010

ဆုတောင်း



စိတ်ဓိတ်ကျလိုတစ်ယောက်တည်း
အားငယ်ရလွန်းတဲ့အချိန်တွေမှာ
ကိုယ့် အနား မင်းရှိပါ....

အထီးကျန်အဖော်မဲ့နေတဲ့
ခြောက်ကပ်ကပ်နေရက်တွေထဲ့မှာ
ကိုယ့် အနား မင်းရှိပါ.....

နှလုံးသားကတစ်စုံတစ်ရာကို
ပြင်းပြင်းပြပြတမ်းတနေချိန်မှာ
ကိုယ့် အနား မင်းရှိပါ....

မညီမျှမူတွေဖက်ပြိုင်အံတုလို
ခပ်ကြမ်းကြမ်းနေရက်တွေထဲ
ရင်နာကြေကွဲရတဲ့အချိန်တွေတိုင်းမှာ
ကိုယ့် အနား မင်းရှိပါ....

နှစ်သိမ်မူ.အယုအယတွေနဲ
ဖေးမဖို မလိုပေမယ့်
ကိုယ့် အနား မင်းရှိပါ...

အဆုံးသတ်မှာ....
အားလုံးကိုရူံးနိမ့်ပေးဆပ်ခဲ့ရ ရင်တောင်
ကိုယ့် အနားမှာ (ရှိရုံလေးပဲ)
မင်းရှိနေပေးပါ