Thursday, November 25, 2010

I MISS YOU SO MUCH






နှောင်ဖွဲ့ထားတဲ့ အတွေးတွေက အခုဆို တရစ်ပီးတရစ်ပဲ

မနက်ဆို မျှော်လင့်ချက်တွေနဲ့ နိုးထလာတတ်တယ်
ညဘက်ဆို ရင်ခုန်သံတွေနဲ့ အိပ်တတ်လာတယ်
အွန်လိုင်းတက်တိုင်းလဲ မင်းရှိနေမလားဆိုတဲ့ ခံစားချက်နဲ့ မျှော်မိတယ်
ညကျရင်လဲ ကိုယ့်ကိုများ စောင့်နေမလားဆိုတဲ့
အတွေးတွေနဲ့ နောက်ဆံငင်မိတယ်
သမားရိုးကျ လုပ်ငန်းစဉ်တွေကြားမှာ
အရင်ဆုံး သတိရမိတာက မင်းကိုပဲ
နေမကောင်းလည်းအမြဲနေကောင်းတယ်လို
လိမ်ပြောတတ်တာကိုလဲ သတိရတယ်
ကော်ဖီအများကြီး မသောက်ဖို့ ပြောတာကိုလဲ သတိရတယ်
ထမင်းစားဖို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
အကြာကြီး အညောင်းမထိုင်ဖို့ မှာတာကိုလဲ သတိရတယ်
ဖုန်းဆက်မယ်လို့ ပြောတာကိုလဲ သတိရတယ်
ညကျ စောစောအိပ်ရမယ်လို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
နေတိုင်းသတိရတယ်လိုပြောတာကိုလဲ သတိရတယ်
ရေခဲမုန်မြင်တိုင်း မင်းသိပ်ကြိုက်တတ်တာကိုလဲ သတိရတယ်
ညအိပ်ခါနီးတိုင်းသွားတိုက်ဖို့သတိပေးတတ်တာကိုလဲသတိရတယ်
ဟင်းချက်သင်ပေးတာကိုလဲသတိရတယ်
ဖုန်းချဖို့ကို လက်တွန့်နေတတ်တာကိုလဲ သတိရတယ်
ပြန်လာခဲ့ပါမယ်လို ကတိပေးတာကိုလဲ သတိရတယ်
ဝအောင်နေဖိုအမြဲပြောတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ နေ့စဉ်ဝတ္တရားတွေကို ဝင်ရှုပ်နေတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ အတွေးတွေကို စိုးမိုးထားတာကိုလဲ သတိရတယ်
အရမ်းချစ်တယ်လို့ ပြောတတ်တာကိုလဲ သတိရတယ်
တွေ့ချင်တယ်လို့ ပြောတာကိုလဲ သတိရတယ်
မိုင်တွေထောင်ချီပီး ဝေးနေရတာကိုလဲ သတိရတယ်
ငါတို့ မနီးနိုင်သေးတာကိုလဲ သတိရတယ်



သတိရစရာတွေ ဝိုင်းရံထားတဲ့ ငါ့ရဲ့ဒီနေ့တွေတိုင်းမှာ
မင်းကို သတိရခြင်းတွေနဲ့ ပျော်မွေ့နေလေရဲ့
သတိရတယ် ချစ်သူ

No comments:

Post a Comment