Saturday, April 2, 2011
လက်ကျန်အိပ်မက်
ဇတ်လမ်းတစ်ခုပြီးဆုံးသွားပြီလား
လေးနက်ခြင်းတွေနဲ့အစပျိုးခဲ့သမျှ
ပေါ့ပျက်ပျက်နဲ့ဆုံးသတ်တောမှာလား.
လွမ်းဆွေးတယ်ဆိုတာ
ကောင်းကင်က နေတစ်စင်းပါ..
တစ်ခါတစ်ခါပျော်ရွင်မူအတွက်
ငါအိပ်မက်တွေဆီကိုတော...
နင်အလည်လာခွင်ရှိပါသေးတယ်
ခက်ခဲ့ပုစ္ဆာတစ်ပုဒ်ကို
အဖြေ ထွက်အောင်တွက်လိုရချင်ရမယ်
နင်ဘာလိုရက်စက်သွားတာလဲဆိုတာ
အခုချိန်ထိငါမေးခွန်းထုတ်လိုမရဘူး
ကံကြမ္မာအားနည်းခဲ့လို့
ငါဘ၀ထဲ့မလာချင်တာဆိုလက်ခံပါတယ်
မနက်ဖြန် ဆိုတာတွေဆင်ဆာဖျက်ထားတော့
ငါ့ရင်နာရခက်တယ်။
'' ငါအတွက်အမြဲရှိနေမယ်ဆို''
ဘာဖြစ်လိုလက်ခံပေးဖိုတောင်
အင်အားမရှိရတာလဲကိုယ်တိုင်
သရုပ်ဆောင်လိုက်ရတဲ့
ဇတ်ကားတစ်ခုနင့်ဇတ်လမ်းတွေက
ငါလက်ဖျားခါလောက်အောင်တော်လွန်းတယ်....။
..........................
.............................
နင်တော်လွန်းပါတယ်...။
'' အရမ်းချစ်ပါတယ်ဆိုတဲ့စကားတစ်ခွန်း''
င့ါအတွက်မြားတစ်စင်းလို....
ပစ်ခွင်းဖို့အဆိပ်လူးခဲ့တာလား
နင်ပေးတဲ့အချစ်ကဆေးတစ်ခွက်လို
မော့သောက်ပြီးမှာအဆိပ်မှန်းသိခဲ့
ဒါပေမယ့်.......*****
ငါ့အစိမ်းသက်သက်မျို ချခဲ့တာပါ...(H.Y.T)
အစိမ်းသက်သက် မျိုချ ခဲ့တာပါ . ...
အဆုံးသတ်သွားပြီလား
မျော်လင့်ချက်တွေခါးကျိုးသွားပါပြီ
အချစ်တစ်ခုထဲ့ပိုင်ဆိုင်တဲ့ငါ
နှလုံးသားရှေးရေးအတွက်
မရင့်ကျက်သေးတဲ့ ပင့်သက်တွေနဲ့ပဲ
နင့်နေအောင်လွမ်းမယ် ...
Thursday, March 31, 2011
မာယာရှင်သို့ပေးသာတစ်စောင်
နေကောင်းကျန်းမာစိတ်ချမ်းသာဖို့
ဆုတောင်းပေးပါတယ်....။
ယုံကြည်မူအပြည်နဲ့အနာဂတ်ကိုပဲ
ရွက်လွင့်သွားပါ....။
ဆုတောင်းမကောင်းခဲ့တဲ့ငါနဲ့ပတ်သက်တဲ့
အတိတ်ကြောင်းကိုလှည်မကြည်ပါနဲ့။
နင့်ငါကိုတစ်ကယ်ထားခဲ့ပြီမို့လား
အပြစ်လည်းမလုပ်ခဲ့ဘဲနဲ့
ငါ့ရင်ဝမှာဓားတစ်ချောင်းစိုက်နေတယ်။
ကြင်နာကုသမူအတွက်င့ါမမျော်လင့်ရဲပါဘူး..
ဝေဒနာတစ်စက်စက်မို့
တမလွန်ဘ၀ရောက်အောင်ပိုပေးဖို့
တောင်းဆိုပါရစေ...။
အခုတစ်လော fb မှာနင်မျက်နှာကို
မြင်တွေနေရတဲ့ငါအတွက်...
ထာဝရဆိုတဲ့..စကားလုံးတွေက
ရင်ဘက်ကိုခဏခဏကမ်းကပ်တယ်
တစ်ကယ်ဆို....
လမ်းတစ်ဖက်မှာငါတစ်ယောက်တည်း
Sunday, March 27, 2011
အဖြေဆိုး
ကျွန်တော်ကလေ ကျွန်တော့်ကိုယ် ကျွန်တော် ထင်နေတာ
ပထမကစားသမားလို့လေ… အမှန်တကယ်ကတော့ ကျွန်တော်ဟာ
အရန်ခုံအနားကိုတောင် ကပ်ခွင့်မရခဲ့တဲ့ အညတရ ကစားသမားလေးတစ်ဦးပါ ……
ကျွန်တော် ကံစမ်းမဲ ပေါက်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အရမ်းပျော်တာပေါ့။အဲဒီ ကံစမ်းမဲစာရွက်လေးကို ခဏခဏထုတ်ကြည့်ပြီး စိတ်ကူးယဉ်ခဲ့ရတာလဲ အမောပါပဲ။
စာရွက်လေးကသာ စကားပြောတတ်မယ်ဆိုရင် ကျွန်တော့်ကို “အရူး”လို့ ပြောမှာပဲနော်။
ဒါပေမယ့် အဲဒီနေ့က ကျွန်တော် တကယ်ပျော်ခဲ့ပါတယ်။
ပျော်လွန်းလို့လေ… ကျွန်တော် ရူးတောင်ရူးသွားမလား ထင်ခဲ့ရတယ်။
ဒီပျော်ရွှင်ခြင်းတွေဟာ ကျွန်တာ် နောင်တစ်ချိန်မှာ စားသုံးရမယ့်
ဆေးခါးတွေအတွက် နှစ်သိမ့်ဆုတွေ ဆိုတာ ကျွန်တော် မသိခဲ့ဘူးလေ။
ဒါကြောင့်လည်း ကျွန်တော် အရမ်း ပျော်ခဲ့တာပေါ့။
ကျွန်တော်ကလေ ကျွန်တော့်အတွက် သက်တမ်းကုန်နေတဲ့ ကံစမ်းမဲကို…
မဟုတ်ဘူး.. ဘယ်တုန်းကမှ ကျွန်တော့်အတွက် သက်တမ်းမရှိခဲ့တဲ့
ကံစမ်းမဲကို ထုတ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားမိနေတဲ့သူတစ်ယောက်ပါ။
ဒါကို ကျွန်တော်က မသိခဲ့ဘူးလေ။ တကယ်ကို မသိခဲ့တာပါ။
မသိခဲ့လို့လည်း ဒီလောက်အထိ ကျွန်တော် ပျော်ရွှင်ခဲ့တာပါ။
……………………………………………
…………………………………
……………………..
…………………
…………
……..
……
ကျွန်တော် ရှက်လိုက်တာ။ ကျွန်တော့်ကို လှောင်ပြောင် သရော်နေမှာပဲနော်။
အရူးအလုပ် ခံရတာကိုတောင် မသိတဲ့ လူတစ်ယောက်ဆိုပြီး ကျွန်တော့်ကို ဟားတိုက်ရယ်မောနေကြ မှာပဲနော်။
ကျွန်တော်လေ … ကျွန်တော်…. ရှက်လိုက်တာ….
ဘယ်သူ့ကိုမှလည်း မကြည့်ရဲတော့ပါဘူး။ ဘယ်သူနဲ့မှလည်း ရင်မဆိုင်ရဲတော့ပါဘူး။
ကျွန်တော် ရိုးရိုးသားသား လုပ်ခဲ့တဲ့အရာတွေက အခုဆိုရင်
ဟားတိုက်လှောင်ပြောင်စရာတွေ ဖြစ်ကုန်ပြီလေ။
သံသယဆိုတာ ကျွန်တော့်ဘ၀မှာ မရှိခဲ့တော့..
အရာရာကို ယုံယုံကြည်ကြည်ပဲ လက်ခံခဲ့မိတာပါ။
ဒါဟာ ကျွန်တော့်ရဲ့ မှားယွင်းမှုလေလား။ ကျွန်တော် မသိတော့ပါဘူး … တွေးလည်း မတွေးတတ်တော့ပါဘူး …
Thursday, March 10, 2011
အသည်းကွဲခြင်း
တစ်ယောက်ကတစ်ယောက်ရင်ထဲ့ကို
မြင်မယ်လိုထင်ထားခဲ့တာ
တမင်ထားခဲ့မှ
ငါရင်ဝမှာဓားစိုက်မှန်းသိရတော့တယ်...။
စိတ်ကူးအကြီးစားတွေက
ဒဏ်ရာအပြင်းစားဖြစ်သွားတယ်
ဘယ်အရာကိုမျော်လင့်ရတော့မလဲ
အစဉ်သာနင်တစ်ယောက်ပဲဆိုတဲ့
ဒီရင်ခွင်...
အခုဘာကိုမှမလိုချင်တောဘူးးး
ကံကြမ္မာအားနည်းခဲ့လို
အဖန်ငါးရာငါးကမ္ဘာထဲ့ဝင်ဖို
ငါစဉ်စားထားတယ်...
သံသရာကတင့်တဲ့အကြွေးတွေ
ဒီဘ၀နဲကျေစေချင်တယ်...
ကံကြမ္မာဝရ်ကြွေးများ ကြေပါစေတော့
ဝရ်ကြွေးများမကျေရင်လည်း
ဒီရင်ဘတ်နဲ့လူ
မြန်မြန်သေပါစေသော်....
Tuesday, March 1, 2011
Sunday, February 20, 2011
ဖော်ဖ၀ါရီ ၁၃
ဘယ်သူကအလွမ်းကဗျာတွေသီကုံးချင်မှာလဲ
အဆုံးစီရင်သွားတဲ့ပုဂ္ဂိုလ်တစ်ချိုကို
လေးစားပါတယ်.....
ငါ့သူတိုလောက်မပြတ်သားနိုင်ဘူးလေ
ပြောင်းလဲ့တတ်တဲ့ကံကြမ္မာ
ကွေကောက်လွန်းတဲ့ဘ၀သံသရာရယ်
မဖြစ်နိုင်တဲ့ဇတ်ကားမှာသရုပ်ဆောင်ခဲ့တဲ့ငါကို
ဘာလိုအကယ်ဒမီပေးချင်ရတာလဲ...
တစ်ကယ်ဆိုငါက
ဝတ်ကျေတန်းကျေလွမ်းတတ်တဲ့
လူတစ်ယောက်ပါ.....။
ငါပတ်ဝန်းကျင်ကလူတစ်ချိုကို
တောင်းပန်ပါတယ်...။
ချစ်သူကဗီလိန်မဟုတ်ပါဘူး
ငါကသာ
စိုစွတ်တတ်လွန်းခဲ့တာပါ
င့ါ့ကြောင့်.....
သူမိုးမီမှာကိုပဲစိုးရိမ်တယ်။
တစ်ကယ်ဆိုသူ့အိပ်မက်တစ်ချိုကိုတောင်
ငါမပိုင်ဆိုင်သင့်ခဲ့ဘူး
တစ်သက်လုံးရူံးနိမ့်လာခဲ့တဲ့ကောင်
"ဇ" နဲချီပြီးနိုင်တော့လည်း
အလွမ်းတွေကိုထမ်းပိုးလို
မျက်ရည်မိုးတွေပဲရွာချခဲ့ရတယ်
ငါ့မျော်ခြင်းတွေကိုလည်း အားနာပါတယ်
သူတိုကို ငါအလိုမလိုက်နိုင်ခဲ့ဘူး....။
ေ၀၀ါးသွားတဲ့အတိတ်တွေရေ....
အဆိပ်သင့်အိပ်မက်တွေမက်ခဲ့ရလို
တိတ်တိတ်လေးကြိတ်မငိုပါနဲ့
မင်းတိုနဲ့ငါ
ဆိတ်ဆိတ်လေးလွမ်းနေရအောင်ကွာ...။
ဖော်ဖ၀ါရီ၁၃တဲ့
ဘ၀တစ်ခုလုံးဆုံးရူံးသွားခဲ့တယ်....။
Thursday, February 3, 2011
ချစ်သူကဗျာ
ချစ်သူရေ.................
နင်ဖတ်ဖိုမဖြစ်နိုင်ပေမယ့်...နင့်စပ်ပေးတဲ့ခံစားချက်တွေနဲ့.....
ငါ့..ကာရန်တွေကိုစပ်ကြည်နေတယ်..........
လွမ်းတယ်.....ဒီထက်ပိုလှတဲ့ဝေါဟာရလေးရှိရင်......
ငါသုံးချင်ပါတယ်...ဒါပေမယ်..............
ဘယ်လိုပဲခံစားချက်တွေကာရန်လှအောင်သုံးသုံး...
ရင်ဘတ်ထဲ့က..ဒဏ်ရာကနာလွန်းလို့
ငါမပြုံးနိုင်ဘူး.........
တတ်နိုင်သလောက်တော့နားလည်ကြည့်ပါတယ်......
ဒါပေမယ်တွေးလိုက်တိုင်း..............
စီးကျလာတဲ့မျက်ရည်တွေကြားထဲ့မှာပဲ....
ငါတစ်ယောက်တည်းကျေနပ်စွာပြုံးနေခဲ့ပါတယ်.............
ဘ၀ကထင်ထားတာထက်သရုပ်ဆောင်ကောင်းတယ်
ချစ်သူရဲ့မျက်နှာကိုတောင်မြင်ခွင့်မရတဲ့ဘ၀.....
ချစ်သူရဲ့အသံလေးကိုတောင်
ကြားခွင့်မရှိတောတဲ့အခြေအနေမျိုးမှာ...
ကိုယ်ကိုကိုယ့်..နာကျင်မူတွေနဲ့ပဲ
ပိတ်လှောင်ထားခဲ့တယ်.........
အစကတည်းက..မလှပတဲ့ဇတ်သိမ်းတစ်ခုကို
ကြိုသိခဲ့မယ်ဆိုရင်....နှလုံးသားရဲ့အလိုကိုမလိုက်ခဲ့ပါဘူး...
ဒါပေမယ်လည်း.ကြိုးစားပြီးဖြေသိမ်ခဲ့ပါတယ်...
ဘာကြောင့်လဲဆိုတော့...
ငါတိုနှစ်ယောက်ရဲ့ချစ်ခြင်းတွေက.....
အနိုင်းမဲ့ဖြစ်ခဲ့လိုပဲ......ငါကျေနပ်တယ်
ငါဟာဒီတစ်သက်မှာ...
နင်ဘ၀ရဲ့အချစ်ရဆုံးသူတစ်ယောက်ဖြစ်ခွင့်ရလိုက်သလို...
ငါ့သစ္စာစကားတွေမှာ..င့ါမျော်လင့်ချက်က..
နင်ဖြစ်ခဲ့တယ်......ချစ်သူ
နင့်နေရာမှာဘယ်သူကိုမှ...
အစားမထိုးပါဘူးဆိုတဲ့..သစ္စာစကားကို..........
မင်းအတွက်...................ဟစ်ကြွေးနိုင်ခဲ့တယ်
" ကို..ကို့အရမ်းချစ်တယ်.....ဘယ်တောမှမပြောင်းလဲဘူးဆိုတဲ့ "
နင်နှလုံးသားနဲ့ရေးတဲ့စာတစ်ကြောင်းကိုတော့............
ငါ့နောက်ဆုံးထွက်သက်ထိသိမ်းဆည်းပေးပါမယ်........
ကံကြမ္မာမျက်နှာသာမပေးခဲ့လို.......ငါ့နင်နဲ့ဝေးနေရတာပါ.........
ဝေးကွာခြင်းအတွက် ခံနိုင် ရည်ရှိလိမ့်မယ်ထင်ခဲ့ပေမယ့်
တကယ်တမ်းရင်ဆိုင်ရတဲ့အခါ .........
နှလုံးသားက ထင်ထားတာထက် နုနယ်တယ်။
တူညီတဲ့ခံစားချက်နဲ့နှစ်လုံးသားနှစ်ခုက
မတူညီတဲ့အဆင်တန်းနှစ်ခုကြောင်........
ငါတိုနှစ်ယောက်အတူတူနေဖိုက...
အတူတူနေဖို့က..>>>>>>
အရမ်းဝေးလွန်းတယ်.....ချစ်သူရယ်။
Wednesday, February 2, 2011
အလွမ်းသင့်ပန်းချီ
ကျွန်တော်တိုတစ်ဦးတစ်ယောက်
ခင်မင်ခဲ့ကြတယ်...နူတ်ဆက်ခဲ
တစ်ခါတစ်လေကိုယ်ကချန်ခဲ့လို
တစ်ခါတစ်လေကိုယ်ကကျန်ခဲ့လို
တွေဆုံကြုံကွဲလူလောကရဲ့ဓမ္မာ
ကျန်နေခဲ့ရလိုချန်ခဲ့သူရေ..
အတူတူလျောက်မယ့်လိုစိတ်ကူးထ
ငါအိပ်မက်တွေဆီရော...
နင့်ပြန်လာဦးမှာလားးးးး
ဟိုတုန်းကလိုချစ်အုံးမှာလား
မှားတာရှိရင်တောင်းပန်ပါတယ်
(၁)ချီမွမ်းစကား(၂)တောင်းပန်စကား
ချီးမွမ်းစကားသည် စိတ်ဓာတ်ကျနေသူ
အရာရာအဆင်မပြေဖြစ်နေသူအတွက်
တောင်းပန်စကားသည် ဒေါသတင်းတင်းနှင့်
အမြင်မရှင်းဖြစ်နေသူအတွက် တန်ဖိုးရှိ၏။
ဒါကြောင်ပုထုဇဉ်တွေထဲ့
လူသားတစ်ယောက်ဖြစ်တဲ့အတွက်.
အကြောင်းအမျိုးမျိုးကြောင့်
ဒီသီချင်းလေးနဲတောင်းပန်ပါရ
Sunday, January 30, 2011
ရင်ထဲ့တွင်မွန်းကျပ်လာပြီ။ကြွေကွဲခြင်းဘာသာရပ်ကိုသင်ယူတတ်မြောက်ခဲ့ပြီ
ကတ္တီပါနှင်းလွမ်းခြုံထားတဲ့အသည်းမဟုတ်လေတော ဘယ်လောက်တာရှည်ခံမယ်
ကိုယ်တိုင်မသိ။သေလျင်လည်းလောင်ကျွမ်းသောရင်ခွင်
ရှင်လျင်လည်းနာကျင်သောနှလုံးဖြင့်ငါအားမထားခဲ့ရစ်ပါနှင့်
ချစ်သူနှင့်ပေါင်းရသောကမ္ဘာတွင်သာလူအဖြစ်ကိုရလိုပါဧ။်ဘုရား....။
ကတ္တီပါနှင်းလွမ်းခြုံထားတဲ့အသည်
ကိုယ်တိုင်မသိ။သေလျင်လည်းလောင်က
ရှင်လျင်လည်းနာကျင်သောနှလုံးဖြင
ချစ်သူနှင့်ပေါင်းရသောကမ္ဘာတွင်သ
လွမ်းလွန်းလိုပါဘုရား...
သေကွဲသာကွဲပါရစေတော့
ရှင်ခွဲကွဲတဲ့ဒဏ်ရာ
နှလုံးသားကမခံသာဘူးးးးး
ဟိုးးးးးးးးး အကြာကြီး
အကြာကြီး ခွဲထားရဦးမယ်
မပြည့်စုံသေးတဲ့.......ဘ၀တွေအတွက်
အတောင်အလက် စုံအောင်
ဖြစ်လာဖို့ အချိန်အထိ
အကြာကြီး ခွဲထားရဦးမယ်
နှစ်ကိုယ်တူ ရည်မှန်းထားတဲ့...အခြေအနေတစ်ခုကို
အရွယ်မလွန်မီ တည်ဆောက်နိင်ဖို့
အကြာကြီး ခွဲထားရဦးမယ်
ဘ၀ရဲ့ အပူဒဏ်ဟာ...သူမနဲ့
မဆိုင်သလို နေဖို့
အကြာကြီး ခွဲထားရဦးမယ်
သူမရဲ့....အပြုံးတွေ
ထာဝရ အေးမြနိင်ဖို့
တစ်ကယ်ကို
အကြာကြီးဆိုတဲ့စကားလုံတွေမှာ
ကျွန်တော်အလွမ်းတွေကို
ဘယ်လိုစိတ်နဲဖြေသိမ်ရမလဲဟင်
ကျွန်တော်အကြာကြီးမပြောနဲ
အခုတောင်
တော်တော်လွမ်းနေပြီ...
Tuesday, January 11, 2011
ဝေဒနာပုံတိုပတ်စများ
- ဗျာ...!!! သူအတိတ်မေ့သွားလို့???
ဟုတ်ကဲ့........... ကျတော်လဲ အနာဂါတ်တွေကို မမြင်ရတော့ပါဘူး။။။ - အချိန်တွေ ကြာခဲ့ပြီဆိုပေမယ့်
ကျွန်တော့် ရင်ဘတ်တစ်နေရာမှာ အသာလေးထိလိုက်ရုံနဲ့
ကွဲကြေသွားနိုင်မဲ့နာကျင်မှုတွေက အရာထင် ကျန်ရစ်နေတုန်းပါပဲ။ - မျော်လင်ချက်တွေကို ပုလင်းတစ်လုံးထဲ့ရိုက်သွင်းပြီး..
အိပ်မက်တွေကိုကုစားနေတဲ့ငါကို... ဒေါက်တာရေ..
ကျေဇူးပြုပြီးအလွမ်းချိုချို တစ်ခွက်လောက်တိုက်ပါ... ငါသတိရနေတတ်လိုပါ။ - နယူတန်၏ နိယာမ ကို ဆန့် ကျင်ခဲ့သော ကျွန်တော့်ချစ်သူ ,,,,,
- လမင်းကြောင့်လား... စင်ရော်ငှက်ရင်ကွဲသေတာ... ဒါဆိုငါရူးအောင်ပြုစားခဲ့တာ.. နင်ဘဲနေမှာ......။
- ရင်ထဲ့တွင်မွန်းကျပ်လာပြီ။ကြွေကွဲခြင်းဘာသာရပ်ကိုသင်ယူတတ်မြောက်ခဲ့ပြီ
ကတ္တီပါနှင်းလွမ်းခြုံထားတဲ့အသည်းမဟုတ်လေတော
ဘယ်လောက်တာရှည်ခံမယ်ကိုယ်တိုင်မသိ။
သေလျင်လည်းလောင်ကျွမ်းသောရင်ခွင်ရှင်လျင်လည်းနာကျင်သောနှလုံးဖြင့်
ငါအားမထားခဲ့ရစ်ပါနှင့်ချစ်သူနှင့်ပေါင်းရသောကမ္ဘာတွင်သာလူအဖြစ်ကိုရလိုပါဧ။်ဘုရား....။ - မကျိန်းသေသေးတဲ့ နောက်ဘဝကို
ငါမမျှော်ပါဘူး..မနက်ဖြန်မင်းချစ်နေဖို့ တောင်မနည်းဆုတောင်း နေရတာ
နောက်ဘဝဆိုတာ ဝေးလွန်းပါတယ်.....။ - *ရင်ထဲမှာ.... ဘာမှမခံစားရအောင်နေ၇တာဟာ ခံစားနေရတာထက် ဆိုးတယ်။။*
- ♥♫♥☆ အိမ်မက်တွေ အရောင်ပြောင်းသွားတဲ့အခါ...♥♫♥☆
- ခဏခဏ ဒဏ်ရာ ရလာတော့...
တစ်ခါတစ်လေ အသက်ရှုတိုင်း...
ရင်ဘက်ထဲကအောင့် အောင့်လာ...
ကြာကြာခံပါတော့မလား...၊၊ - လွမ်းလို့သာ နာသေသွားရင်
နင်တော့ တရားသူကြီးနဲ့ကွိုင်ပြီ ။
ပြန်လာပါတော့ ချစ်သူရယ်
လွမ်းတယ်..........
အချိန်တွေနေရက်တွေပြောင်းသွားပါစေ
မင်းပြန်လာမယ်ဆိုတဲ့မျှော်လင်ချက်တွေ
ရင်ထဲမှာအပြည့် ရှိတယ်မင်းပြန်လာမှာလားလို့ 
မင်းအနားကိုရောက်လာပြိး ကိုယ်တိုင်မေးခွင့် မရတော့ဘ၀မှာ
မင်းပြန်လာပါလို့ ဘုရားမှာဆုတောင်းနေတယ်
ကြယ်တွေကြွေလည်းဆုတောင်းနေမိတယ်
မင်းကိုလွမ်းနေတယ်
အရင်ကဆို ငါကိုလူတစ်ချို့ ကဆုတောင်းပေးဘူးတယ်
နင်အချစ်ကိုတွေရင် ၀ဋ်မလိုက်ပါစေနဲ့လို့ ပေါ့
ငါအမြဲတမ်း မယုံကြည်ခဲ့ဘူး
ယုံကြည်နေတဲ့ အချိန်ကြတော့ ငါ.........
ငိုနေခဲ့ရပြိး မင်းသိမှာလား
မင်းကငါအတွက်အမှတ်တရတွေထားခဲ့ပေးတယ်
မင်းနဲ့မတွေဖြစ်ခဲ့ ရက်တွေမှာဆို ဖုန်းဆက်ရင်
မင်းအသံလေးကိုကြားရင်ငါအလွမ်းဖြေလို့ ရတယ်
အခုဆို မင်း အသံလေးကိုတောင်
မကြားရတော့ဘူးနော် ချစ်သူ.............။
Wednesday, December 1, 2010
Thursday, November 25, 2010
I MISS YOU SO MUCH
နှောင်ဖွဲ့ထားတဲ့ အတွေးတွေက အခုဆို တရစ်ပီးတရစ်ပဲ
မနက်ဆို မျှော်လင့်ချက်တွေနဲ့ နိုးထလာတတ်တယ်
ညဘက်ဆို ရင်ခုန်သံတွေနဲ့ အိပ်တတ်လာတယ်
အွန်လိုင်းတက်တိုင်းလဲ မင်းရှိနေမလားဆိုတဲ့ ခံစားချက်နဲ့ မျှော်မိတယ်
ညကျရင်လဲ ကိုယ့်ကိုများ စောင့်နေမလားဆိုတဲ့
အတွေးတွေနဲ့ နောက်ဆံငင်မိတယ်
သမားရိုးကျ လုပ်ငန်းစဉ်တွေကြားမှာ
အရင်ဆုံး သတိရမိတာက မင်းကိုပဲ
နေမကောင်းလည်းအမြဲနေကောင်းတယ်လို
လိမ်ပြောတတ်တာကိုလဲ သတိရတယ်
ကော်ဖီအများကြီး မသောက်ဖို့ ပြောတာကိုလဲ သတိရတယ်
ထမင်းစားဖို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
အကြာကြီး အညောင်းမထိုင်ဖို့ မှာတာကိုလဲ သတိရတယ်
ဖုန်းဆက်မယ်လို့ ပြောတာကိုလဲ သတိရတယ်
ညကျ စောစောအိပ်ရမယ်လို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
နေတိုင်းသတိရတယ်လိုပြောတာကိုလဲ သတိရတယ်
ရေခဲမုန်မြင်တိုင်း မင်းသိပ်ကြိုက်တတ်တာကိုလဲ သတိရတယ်
ညအိပ်ခါနီးတိုင်းသွားတိုက်ဖို့သတိပေးတတ်တာကိုလဲသတိရတယ်
ဟင်းချက်သင်ပေးတာကိုလဲသတိရတယ်
ဖုန်းချဖို့ကို လက်တွန့်နေတတ်တာကိုလဲ သတိရတယ်
ပြန်လာခဲ့ပါမယ်လို ကတိပေးတာကိုလဲ သတိရတယ်
ဝအောင်နေဖိုအမြဲပြောတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ နေ့စဉ်ဝတ္တရားတွေကို ဝင်ရှုပ်နေတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ အတွေးတွေကို စိုးမိုးထားတာကိုလဲ သတိရတယ်
အရမ်းချစ်တယ်လို့ ပြောတတ်တာကိုလဲ သတိရတယ်
တွေ့ချင်တယ်လို့ ပြောတာကိုလဲ သတိရတယ်
မိုင်တွေထောင်ချီပီး ဝေးနေရတာကိုလဲ သတိရတယ်
ငါတို့ မနီးနိုင်သေးတာကိုလဲ သတိရတယ်
သတိရစရာတွေ ဝိုင်းရံထားတဲ့ ငါ့ရဲ့ဒီနေ့တွေတိုင်းမှာ
မင်းကို သတိရခြင်းတွေနဲ့ ပျော်မွေ့နေလေရဲ့
သတိရတယ် ချစ်သူ
Sunday, November 21, 2010
ပြန်လာခဲ့
ကျွန်တော်လည်းသူကိုပြန်လာခိုင်းနေတာပါ....ဒါပေမယ်အခုချိန်ထိပြန်မလာသေးဘူးဗျာ
WHAT......?
Saturday, November 20, 2010
နေပါစေချစ်လို**
ရယူခြင်းလားသူ့ကြောင့်ပျှောရွှင်ရပါတယ်၊ သူ့ကြောင့်လည်း ရင်မောရပြန်တယ်၊
တကယ်တော့ အချစ်ဟာ လျွှိုဝှက်ခြင်းများစွာနှဲ့ပြုလုပ်ထားတဲ့ ခပ်ပြင်းပြင်း ၀ိုင်တစ်ခွက်လိုပါဘဲ။ ****
သီချင်းစာသား
=============================
(ဟိုးအမြင့်ဆုံးကပန်းတို့ မင်းပန်ဖူးခဲ့တယ်
ဆုတောင်းကောင်းတဲ့ဘ၀လေးလှတယ်
ခါးသီးလွန်းတဲ့ကိုယ့်ဘက်ကို နင်မလာနဲ့ကွယ်
နေပါစေချစ်လို့ ငိုမှာစိုးနေလို့
နုတ်ဆက်ခဲ့တဲ့အကြည့်တို့မင်းပြန်ရုပ်သိမ်းပါ
ဆုံးရှုံးသွားတဲ့ကိုယ့်အတွက်ဆို မငိုနဲ့ကွာ
သိပ်ချစ်ရတဲ့မင်းရဲ့အပြုံးတွေ ယူသွားပါ
နေပါစေချစ်လို့ ငိုမှာစိုးနေလို့ နေအုံး
အလွမ်းတွေနဲ့နေတဲ့ဒီစိတ်တွေ လန့်ပြီးနိုး
ကိုယ်လှမ်းကာ ကြည့်ရုံနဲ့ဒီအရိပ်တို့မြင်ဆဲမို့
မဖြစ်နိုင်တော့တဲ့အချစ်နွံထဲကိုယ်ဆက်ပြီးတိုး
စွန့်လွတ်စိတ်နဲ့ အဝေးကချစ်နေမလို့
ဒီဘ၀ဒီမျှဘဲရှိစေအုံး)